Saturday, June 27, 2015

Apple ရုံးချုပ်



Apple ရဲ့ ရုံးချုပ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်က Cupertino မှာ ရှိပါတယ်။ ယခု ပုံမှာ မြင်တွေ့နေရတဲ့ ဟာတော့ မဟုတ်သေးပါဘူး။ အခြားတစ်ခုဖြစ်ပါတယ်။ ယခု မြင်တွေ့ရတဲ့ ဟာကတော့ ၂၀၁၇ ခုလောက်မှာ ဖွင့်လှစ်အသုံးချဖို့ ယာထားတဲ့ Apple ရဲ့ Campus အသစ် ဖြစ်ပါတယ်။ 


မြေဧရိယာ စတုရန်းပေ ၂သိန်း၈သောင်းပေါ်မှာ ဆောက်တဲ့ ရုံး ဖြစ်ပြီး တည်ဆောက်ခြင်းကို ၂၀၁၄ မှ စတင်ခဲ့တာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ လို့ ခန့်မှန်းထားပေမယ့် တကယ်တန်း စုစုပေါင်း ကုန်ကျစရိတ်က ၅ ဘီလျံထိ ရှိနိုင်ကြောင်း ဆိုထားပါတယ်။ ယင်းနေရာမှာ တည်ဆောက်မှုက သက်သာချင်တာလည်း ဖြစ်သလို သီးသန့်နေရာတစ်ခုလည်း ဖြစ်ချင်တာကြောင့် ဆိုပါတယ်။ လူမနေတဲ့ တောနေရာ တစ်ခုကို ရှင်းလင်းပြီးတော့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ယင်း အဆောက်အအုံ ဒီဇိုင်းနဲ့ အိုင်ဒီယာ များက စတိဗ်ဂျော့ဆီက လာတာပါ။ စတိဂျော့ဗ် ကိုယ်တိုင် မဆွဲပေမယ့် သူ့ရဲ့ အကြံပေးမှုနဲ့ အိုင်ဒီယာများ ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်လောက်မှ စဆောက်ပြီး ၂၀၁၅ မှာ စတင်အသုံးပြုနိုင်ရန် ယာထားပေမယ့် တည်ဆောက်မှုက ၂၀၁၄ ခုနှစ်ကို ရွှေ့ပြောင်းသွားခဲ့ပါတယ်။ 

အကယ်၍သာ ယင်း ထူးဆန်းတဲ့ ပုဂံပြားပုံစံ အိမ် ကြီးသာ တည်ဆောက်ပြီးသွားရင် ကမ္ဘာ့ အလှဆုံး ရုံးစာရင်းထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။ 

.

0 comments:

Post a Comment