Sunday, August 30, 2015

ကျန်းမာသော လူနေမှု ပုံစံ ဖြစ်စေဖို့ သိရှိထားရမည့် အချက်များ



ကောင်းမွန်သော အစားအသောက်ပုံစံ

အလုပ်များတဲ့ သူအဖို အစားစားတက်တဲ့ အချိန်ဟာ နည်းပါးသလို တခါတလေ အချိန် ကျော်သွားတက်တာလည်း ရှိပါတယ်။ ဒီတော့ မနက်စာ၊နေ့ လည်စာ ကို အဓိက ထားပြီး မပြတ်တမ်း စားပေးဖို့ လိုပါတယ်။ မနက်စာကို နံနက် ()နာရီ မှ ()နာရီအတွင်း ကောင်းကောင်းစားပေးရပါမယ်။ ဘာလို့ လဲဆိုတော့ တစ်နေ့ တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို နံနက်စာက ကောင်းကောင်း ထောက်ပံ့ထားနိုင်လို့ ပါပဲ။ တစ်နေကုန် စားထားတဲ့ အစာတွေဟာ နောက်တစ်နေ့ မနက်မှာ အစာဟောင်းအဖြစ် စွန့် ပစ်ပြီးနောက် မိမိဝမ်းဗိုက်ထဲက အဟာရတွေ စုတ်ယူဖို့ အတွက် လိုအပ်ပါတယ်။ နေ့ လည်စာကိုတော့ ၁၁ နာရီ ခွဲကနေ ၁နာရီ ခွဲ အတွင်း မဖြစ်မနေစားပေးဖို့ လိုပါတယ်။ ဒါမှ မျှတတဲ့ အစာခြေစနစ်ကို ဖြစ်ပေါ်စေပြီး မိမိကိုယ် ကျန်းမာစေမှာ ဖြစ်ပါတယ်။

သတိပြုစရာ အနေနဲ့ ညက အိမ်တာ နောက်ကျလို အစောကြီး မထနိုင်ရင်လည်း မနက်စာကို ထစားပေးသင့်ပါတယ်။ အနည်းဆုံး နွားနို့ တစ်ခွက် ပေါင်မုန့် တခြပ်လောက်ကတော့ ဝမ်းကို ဖြည့်ပေးပါ။


ကောင်းမွန်သော နေထိုင်မှု

မိမိ နေထိုင်တဲ့ အိမ်ဟာ ခမ်းခမ်းနားနားကြီး မဟုတ်ရင်တောင် သပ်သပ်ရပ်ရပ်တော့ ရှိသင့်ပါတယ်။ လေဝင် လေထွက် ကောင်းရပါမယ်။  မနက်ထတာနဲ့ အိမ်ရှေ့ လေဝင်တဲ့ တံခါးကို ဖွင့်ပြီး လောကကြီးကို ကြိုဆိုလိုက်ပါ။ ပြီးတော့ အိမ်ကို သန့် ရှင်းရေး လုပ်ပေးပါ ။အိမ်ထဲမှာ ဂတ်မီးဖိုတွေ အပူုပေးစက် လေအေးပေးစက် တွေ ရှိရင် မနက်ခင်းမှာ အခန်းတံခါးကို ခဏလောက်တော့ ဖွင့်ထားဖို့ လိုပါတယ်။  ကာဗွန်မိုနောက်ဆိုက် ဆိုတဲ့ အနံ့ မရှိ အရောင်မရှိတဲ့ အနံ့ တွေက မိမိ အိမ်တွင်းမှာ အောင်းနေတက်ပြီး လူကို သေစေနိုင်တဲ့ အထိ ဒုက္ခပေးနိုင်တယ်လို အိမ်ခြံမြေ အကျိုးဆောင် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်တဲ့ iMyanmarHouse ရဲ နေအိမ်တိုင်းဖြစ်ပေါ်တတ်တဲ့ အန္တရာယ်များနဲ့ ကြိုတင်ရှောင်ရှားခြင်းနည်း လမ်းများ သိကောင်းစရာ ထဲမှာ ဖော်ပြထားတာကို တွေ့ ရပါတယ်။

ကောင်းမွန်သော လှုပ်ရှားမှု

0 comments:

Post a Comment